http://api.ning.com/files/OV-W8Ws8c7EWyHhe7i9W4VcrCc5TEVvFnNVFZ54Zjft-ukhGyRQLPu7Q8sHDxAZneEMsCJ6ynxjrDhAo5ZbyWjdFMIBOgNKR/WelcomeMM1.gif

Wednesday, November 16, 2011

ခွင့်ပြုမယ်...........................




နွေးထွေးမှုမရှိတော့တဲ့ရင်ခွင်လို့
မင်းသတ်မှတ်ရင်လည်း
ငြင်းချက်ကင်းမဲ့သူမို့ တိတ်ဆိတ်လို့နေမယ်..
ဘဝကအားနည်းချက်တွေများလွန်းတယ် ..
ယုယမှုတွေပေးချင်ပေမယ့် မနှစ်သက်တော့
သူ့အတွက်ရင်ထဲကအပြုံးတွေ
လေလွင့်သွားခဲ့ရပြီ...
တားဆီးမထားတော့ဘူး..
လှည့်ကြည့်ဖို့မပြောတော့ဘူး...
မင်းဆန္ဒအတိုင်းပဲ ..
မင်းယုံကြည်ရာခြေဦးတည့်
လှည့်သွားမယ်ဆိုရင်လည်း
သွားနိုင်တယ်မိန်းကလေး...

သံယောဇဉ်အရိပ်...........................................



သံယောဇဉ်ခရီးလေးတစ်ခုကို...

ဂစ်တာတစ်လက်နဲ့အတူ....

ငါတို့တွေအတူတူ..သွားခဲ့ဘူးတယ်...

လက်တွေတွဲမထားပေမဲ့...ခိုင်မြဲနေတယ်..

တစ်စုံတရာရဲ့စွမ်းအားတစ်ချို့...

ရင်ထဲကိုဝင်ကြည့်မယ်ဆိုရင်...

လက်ဆက်နေတဲ့ဒဏ်ရာတစ်ချို့...

ဆိုနေတဲ့သီးချင်းတစ်ပုဒ်...က

လွမ်းချင်းတေးတစ်ပုဒ်...ဖြစ်နေမှာသေချာတယ်....

တကယ်ဆိုရင်....ဒါတွေဟာ...ဝိုးတစ်ဝါးအရိပ်တစ်ခုမှန်း...

အစကတည်းကသိပေမဲ့....

နေဝင်မှာကြောက်နေတဲ့ကလေးတစ်ယောက်လို...

အရိပ်လေးကိုပဲ....။

Tuesday, November 15, 2011

ငါ့ ဘက်ကမှားတာပါ..........(လင်းလင်း)

မော်ကွန်း............


မင်းရဲ့ မာန တွေအတွက်

ငါရဲ့ အရှုံး မော်ကွန်းထိုးဖို့

လိုအပ်တယ်ဆိုပြောပါ

ငါ နှလုံးသားအကွဲခံပြီး

မင်းအပြုံးတောက်ပလာဖို့

အရှုံးမော်ကွန်း ထိုးပေးပါမယ် ..

ဒဏ္ဍာရီ.............


ရင်ကိုခွင်းခဲ့တဲ့
မျှားတစ်စင်းလည်း ရှိဖူးတယ်။


နံကြားကို လျပ်တပြတ် ၀င်လာခဲ့တဲ့
ဓားသွား တစ်လက်လည်း ရှိဖူးတယ်။


သို့မဟုတ်
သူ့အကြောင်း ရေးထားတဲ့
ဒိုင်ယာရီ အဟောင်းလေး တစ်အုပ် ရှိခဲ့တယ်။

Wednesday, November 9, 2011

Memory Card Recovery...............

ဒီရက်ပိုင်းက အလုပ်တော်တော်များတယ်။ ဘလော့ဘက်တောင် လှည့်မကြည့်နိုင်ဘူး။ အလုပ်ပြီးရင်း အလုပ်ဖြစ်နေတယ်။ ဟိုတစ်နေ့က မိတ်ဆွေ ဓါတ်ပုံဆရာတစ်ယောက် မိမိဆီ ရောက်လာတယ်။ သူကဒ်ထဲကဟာ တွေ Format ချလိုက်တာ ပြန်လိုချင်လို့တဲ့။ လုပ်ပေးပါတဲ့လေ။

ဒါနဲ့ မိမိမှာ ရှိတဲ့ Recovery Software တွေနဲ့ ပြန်ရှာပေးတာပေါ့။ တွေ့တယ် တော်တော်များများကို။ ဒါပေမယ့် သူလိုချင်တဲ့ ဖိုင်တွေ မတွေ့သေးဘူးလို့ ပြောတယ်။ မိမိလဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ဒါနဲ့ ထုံးစံအတိုင်း Google ကို အားကိုးရတော့တယ်။


တွေ့ပါရဲ့။ English ဆိုဒ်တစ်ခုက။ ရှားရှားပါးပါး အဲဒီဆိုဒ်ကလဲ ဒီဆော့ဝဲလ်လေးတစ်ခုထဲကို ဖော်ပြထားတယ်။ ကျန်တာက အာလာပ သလပတွေ များတယ်။ ယူကြည့်လိုက်တယ်။ သုံးကြည့်တော့ Memory Card ထဲက ပုံတွေ အကုန်ပေါ်တော့တယ်။ ဟူး . . . . သက်ပြင်းချနိုင်ပြီ။

စာဖတ်သူများ အားလုံး အသုံးလိုရင်သုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာသာ Download ပေးတော့။ မိမိကတော့ မောသွားပြီ။ အဆင်ပြေပါစေ။
source:မောင်စေတနာ

HTML 5 စာအုပ် (Ebook).............



ဒီနောက်ဆုံးပေါ်ဖြစ်တဲ့ HTML 5 စာအုပ်ကို တင်မယ်တင်မယ်နဲ့ မတင်ဖြစ်ဘူး အခုမှဘဲ ပြောပြဖြစ်တော့တယ်။
နည်းနည်းတော့ နောက်ကျနေလောက်ပြီးပေါ့ ဒါပေမဲ့ သိသလောက်ကို ဝေမျှရရင် ဒီ HTML 5 က Flash
တွေကို code အဖြစ်နဲ့ ပြောင်းလဲပေးပြီး Flash မရတဲ့ Apple i-devices တွေမှာ flash အစားအသုံးပြုလို့
ရမယ်လို့ ပြောတာကို သတင်းတခုမှာ ဖတ်လိုက်ရပါတယ် ပြီးတော့ HTML ကို လူတိုင်းလိုလိုက တက်ပြီးသား
ဆိုတော့ နောက်ဆုံးပေါ်ဖြစ်တဲ့ ဒီ HTML 5 က အရင် က HTML လိုဘဲ လွယ်ပြီး ပိုမို တိုတိုရှင်းရှင်းနဲ့
မှတ်သားရလွယ်ပါတယ်။ ပြီးတော့ နောက်ဆုံးပေါ် Computer Language ဖြစ်တော့ လိုလိုမယ်မယ်
မှတ်သားလေ့လာရအောင် " The Essential Guide to HTML5 Ebook" ကို တင်ပေးလိုက်ပါတယ်။


DOWNLOAD


 http://fileape.com/dl/uQAfOe0LmPwHHaal
OR

 http://ifile.it/9b6d2ir

OR 
 
http://www.mediafire.com/?l386bhwc8dodeb0

အရေးကြီးတဲ့ Firewall နဲ့ Software............



Firewall ဟာ Computer ရဲ့ အရေးကြီးနေရာမှာရှိပါတယ် Firewall လုံခြုံရေးနည်းပြီး အားနည်းချက်သာ ရှိခဲ့ရင်  ကွန်ပျုတာတခုလုံး ကိုထိခိုက်နိုင်ရုံသာမက ဤကွန်ပျုတာနဲ့ အသုံးပြုတဲ့ အင်တာနက် account တွေ ကိုပါ ခိုးယူသွားနိုင်ပါတယ် ဒါကြောင့် Firewall က ကွန်ပျုတာနဲ့ အင်တာနက် ဆက်သွယ်တဲ့နေရာမှာ အဓိကရေးကြီးပြီး လုံခြုံမှုရှိဖို့အတွက် firewall ကို Turn On လုပ်ထားရပါမယ်။ Windows တိုင်းမှာ firewall က ရှိပြီးသားဖြစ်ပါတယ် Turn On လုပ်ပေးဖို့ကို မမေ့ပါနဲ့။ ဒါပေမဲ့ ကျွန်တော် အမြင်မှာတော့ ဒီ windows မှာ ပါတဲ့ Firewall က သိပ်ပြီးလုံခြုံမှု မရှိဘူးထင်ပါတယ် ဒါကြောင့် Firewall မှာ စိတ်ချရတဲ့ Zone Alarm ကို မိတ်ဆက်ပေးခြင်ပါတယ် ဒီ Zone alarm က Free product တခုပေးထားပါတယ် ဒီ Free product တခုကို ဘဲ အသုံးပြုဖို့ လမ်းညွှန်ခြင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ Free ဖြစ်တာနဲ့ အမျှ သူ့ရဲ့ Function က နည်းပြီး အသုံးရတာ အဆင်ပြေပါတယ် တခါ Install လုပ်ပေးထားရင် အမြဲ Anti-virus လိုမျိုး Scan လုပ်စရာ မလိုပါဘူး။

Anti-virus ကို မ၀ယ်နိုင်သေးရင်တောင်မှ ဒီ Free Zone Alarm ကို Install လုပ်ထားခြင်းအားဖြင့်
Hacker ဘေးရန်၊ Virus, spyware စတဲ့ ဘေးရန်တွေမှာလဲ ကာကွယ်ပေးမှာဖြစ်ပါတယ်။


DOWNLOAD HERE

Ubuntu မှာ Adobe photoshop install လုပ်နည်း..........


Ubuntu ကိုအသုံးပြုကြတဲ့ လူတွေများလာကြတယ်ဆိုတော့ ဒီ Ubuntu မှာလဲ မရှိမဖြစ် Adobe Photoshop
လိုအပ်ပြန်တော့ Adobe photoshop ကို install လုပ်ပုံလေးကို ညွှန်းပေးပါမယ်။

ပထမဦးဆုံး  Adobe photoshop install မလုပ်ခင် သူ့အတွက်လိုအပ်တဲ့ WineHQ APT ကို
Download လုပ်ရပါမယ်။ ဒါကတော့ Ubuntu မှာရှိတဲ့ terminal command line မှာ
"sudo add-apt-repository ppa:ubuntu-wine/ppa" ကိုရိုက်ထည့်ပါ
ပြီးတော့ Wine ကို Download လုပ်ပေးပါ
ပြီးနောက် "wget http://www.kegel.com/wine/winetricks" ကို terminal မှာရေးပြီး enter နှိပ်ပါ.။
"sh winetricks msxml6 gdiplus gecko vcrun2005" ကို terminal မှာရေးပြီး enter နှိပ်ပါ.။
ပြီးတော့ "sudo apt-get install msttcorefonts" ကို terminal မှာရေးပြီး enter နှိပ်ပါ.။
ပြီးတော့ ဒီမှာ ရှိတဲ့  atmlib.dll ကို Download လုပ်ပါပြီးတော့ win rar နဲ့ unzip လုပ်ပြီး atmlib.dll ကို
copy ကူးပါ။
ပြီးတော့ Wine program ကိုဖွင့်ပြီး အောက်ပါအတိုင်း atmlib.dll ကို add ပေးပါ





ပြီးတော့ apply ပြီးတော့ ok။
ပြီတော့ "LANG=C wine Setup.exe" ကို wine command line မှာ ရိုက်ပေးပါပြီးတော့
Adobe Photoshop ကို windows မှာ တင်နေကျအတိုင်း install လုပ်ပေးလိုက်ပါ
ဒါဆိုအဆင်ပြေသွားပါမယ်။
မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း
မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း
မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း