http://api.ning.com/files/OV-W8Ws8c7EWyHhe7i9W4VcrCc5TEVvFnNVFZ54Zjft-ukhGyRQLPu7Q8sHDxAZneEMsCJ6ynxjrDhAo5ZbyWjdFMIBOgNKR/WelcomeMM1.gif

Sunday, October 30, 2011

ကိုယ်တိုင် Window တင်ပါ.............

ကိုယ်ပိုင်ကွန်ပျူတာတွေကို Window ပြန်တင်ချင်ရင် အခုဖော်ပြမယ့် စာအုပ်ကို ဖတ်ပြီး လုပ်နိုင်ပါတယ်။ လိုအပ်တာကတော့ Window တင်တဲ့ CD ရယ်၊ မိမိစက်ရဲ့ Motherboard CD ရယ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကြေညက်အောင် ဖတ်ပြီး Window ပြန်လည်တင်နိုင်ပါတယ်။ ကဲ ပြောနေကြာတယ်။ စာအုပ်သာ ဖတ်ကြည့်ပေတော့။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။

Nero Burning ဆော့ဝဲလ်.............



Gtalk မှာ တောင်းဆိုချက်အရ Nero Burning ဆော့ဝဲလ်ကို တင်ပေးလိုက်ပါတယ်။ Serial No ဖိုင်ပါ တွဲ၍ ထည့်ပေးထားပါတယ်။ ဒီမှာ Download လုပ်ယူပါ။

Logo ပြုလုပ်မယ်...............



ဒီနေ့ကတော့ အားလုံးအတွက် အသုံးဝင်တဲ့ AAA Logo 2008 ကို ဖော်ပြပေးပါမယ့်။ ဒီဆော့လေးရဲ့ အသုံးဝင်မှုတွေကတော့ ဒီဇိုင်းမျိုးစုံနဲ့ မိမိတို့ရဲ့ Logo များကို သတ်မှတ်ပြုလုပ်လို့ ရပါတယ်။ အင်မတန်မှ စိတ်ဝင်စားဖွယ် ကောင်းတဲ့ ဆော့ဝဲလ်လေးပါ။



လုပ်ဆောင်ရန် နည်းလမ်းများသည်လည်း လွယ်ကူပါတယ်။ စိတ်ဝင်စားသူများ ဒီတွင် Download ယူပါ။ Kegen ဖိုင်ပါ ထည့်ပေးထားပါတယ်။ အဆင်ပြေပါစေ။

Desktop ကို အလှဆင်................



Desktop မြင်ကွင်းကို တစ်မူထူးခြားပြီ လှပတဲ့ Real Desktop Software ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေးကို Run ထားတဲ့အချိန်မှာ အပေါ်က မြင်ကွင်းလေးလို့ ဖြစ်နေမှာပါ။ Start ဘားတန်းပေါ်က Icon ကို ပိတ်လိုက်တဲ့အခါမှာတော့ နဂို မိမိတို့ရဲ့ Desktop ကို ပြန်ပေါ်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။ Patch ဖိုင်ထည့်ပေးထားပါတယ်။ Install လုပ်ပြီရင် Start bar မှာ ပေါ်နေတဲ့ R Icon လေးကို ပိတ်ပြီး Patch ဖိုင်ကို Run လိုက်ပါ။ ဒါဆို အမြဲတမ်း သုံးနိုင်ပါပြီ။

ဝတ်စုံများ



ဟိုအရင် ရက်ပိုင်းတွေက ရှာနေတာ။ လိုချင်ရင် ရှာလိုက မရတော့ဘူး။ နိုင်ငံခြား ၀တ်စုံကုဒ်တွေတော့ ရှိပါရဲ့။ ဒါပေမယ့် မြန်မာဝတ်စုံကို လိုချင်နေတာလေ။ လိုချင်နေတာကပဲ ရှားတာလား မသိတော့ဘူး။ ဟိုတစ်နေ့ ညီလေး တစ်ယောက်ရဲ့ ဘလော့မှာ တွေ့လိုက်တော့ ၀မ်းသာသွားတယ်။ အခု လိုရမယ်ရ ဆွဲယူထားတယ်။

မိမိရဲ့ စာဖတ်သူတွေထဲကလဲ လိုချင်သူ ရှိမှာပေါ့။ အယ်. . . တစ်ခါက မိမိရဲ့ ဂျီတော့မှာ လာမေးဘူးတယ်။ ဒါကြောင့် တင်ပေးလိုက်တယ်။ ၀တ်စုံတွေပါ။ Photoshop ဖိုင်ဆိုတော့ မိမိတို့ရဲ့ ပုံတွေနဲ့ ပေါင်းစပ်ပြီး လုပ်ချင်သလို လုပ်ကြပေါ့။ ဒီမှာသာ Download ပေတော့။

Sound Recorder....................


Sound Record လုပ်တဲ့နေရာမှာ ရိုးရှင်းပြီး သုံးလို့ကောင်းတာလေ ဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။ ဘယ်ဆိုက်က ရမှန်းတော့ မမှတ်မိတော့ဘူး။ မိမိတင်တဲ့ ဆော့ဝဲလ်တွေအားလုံးကတော့ Google မှာ ရှာတယ်။ English Blog တွေက ဒေါင်းလုပ်ဆွဲတယ်။ မိမိ သုံးချင်တာတွေကို သူငယ်ချင်းတွေကို အကူအညီတောင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ English Blog တွေမှာ တင်ကြတာက Rapidshare တွေ များတယ်။


မိမိက ငမွဲဆိုတော့ လိုချင်ပြီဆိုရင် Rapidshare အကောင့်ရှိတဲ့ သူငယ်ချင်းတွေကို အပူကပ်တယ်။ ဟီး။ ရလာရင် သုံးတယ်။ ကြိုက်ရင် ပြန်ပြီး အားလုံးဆွဲလို့ရမယ့် Google Sites မှာ ပြန်တင်ပေးတယ်။ ကဲ ကြာပါတယ်။ စိတ်ဝင်စားသူများ ဒီမှာ Download ယူပါ။

Window Movie Maker...................


Window 7 ကို စတင်ပြီးကတည်းက မိမိသုံးနေကျ Window Movie Maker ကို ရှာကြည့်တာ မတွေ့ရဘူး။ ကိုယ်ကလဲ ဒါပဲ သုံးရတာ လွယ်ကူပြီး ရိုးရှင်းတော့ သုံးချင်တာ။ ဒါနဲ့ အလုပ်များတာနဲ့ မေ့နေခဲ့တယ်။ ဟိုတစ်နေ့ကမှ စိတ်ကူးရလို့ အင်တာနက်မှာ ပြန်ရှာတာ ရလာတယ်။


ယူပြီး သုံးကြည့်တာ အိုကေတယ်။ ဓါတ်ပုံနဲ့ VCD ကို လုပ်ကြည့်တာ ကောင်းတယ်။ အဆင်ပြေမှပဲ လိုတာလေး တစ်ခုရလို့ သက်ပြင်းချနိုင်တယ်။ ဟီး။ စာဖတ်သူတွေထဲက Window 7 သုံးပြီး Window Movie Maker လိုအပ်တယ်ဆိုရင်တော့ ဒီလင့်အတိုင်းသာ သွားယူပေးတော့။

Photo Slide Show...........


Photo Slide Show နဲ့ ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်ဆီက ဆော့ဝဲလ်ကောင်းလေး တစ်ခု ရခဲ့တယ်။ မိမိတို့ သုံးနေတဲ့ Window Movie Maker နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ဒါလေးက Professional လို့ ပြောရမယ်။ လုပ်နည်း စာအုပ်လေးပါ ထည့်သွားပေးထားတယ်။ မိမိလုပ်တာတော့ ဟုတ်ဘူး။ ဟီး။



Install လုပ်စရာ မလိုဘူး။ Portable ဆိုတော့ ပိုကောင်းတယ် ဆိုရမယ်။ သုံးကြည့်ရင်းမှ အဆင်ပြေသွားမယ် ထင်တယ်။ လုပ်နည်းတွေ များလို့။ လိုအပ်သူများအတွက် သတိတရ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ ကဲ ဓါတ်ပုံနဲ့ သီချင်းစာသားတွဲဖက်၍ အလှဆင်နိုင်ကြပါစေ။

Photo to Change from Folder......


မိတ်ဆွေတစ်ယောက်က မေးတယ်။ Folder တွေမှာ မိမိရဲ့ ဓါတ်ပုံလေးနဲ့ အစားထိုးချင်တယ်။ ရလား။ သိပ်ရသပေါ့ ကိုယ့်လူရာ လို့ ပြောပြီး လုပ်ပြလိုက်တယ်။ မိတ်ဆွေလဲ တော်တော် ကျေနပ်သွားတယ်။ စာဖတ်သူများလဲ လုပ်ချင်ရင် အောက်နည်းအတိုင်းသာ လုပ်ပေတော့။


အဆင့်(၁)

၁) Start က All Programs ကနေ Paint ကို ဖွင့်ပါ။
၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
၃) ဓါတ်ပုံပေါ်လာရင် Save As လုပ်။ Save As Box ပေါ်လာရင် File name မှာ ပေးချင်ရာပေး။ နောက်က ico လေး ထည့်ပေး။ (ဥပမာ - myphoto.ico ပေါ့)
၎) Save as type မှာ 24-bit Bitmap (*bmp,*dib) ကိုရွေးပြီး မိမိနှစ်သက်ရာမှာ Save လိုက်ပါ။

အဆင့်(၂)

၁) မိမိတို့ ပြောင်းချင်တဲ့ Folder ကို Right Click လုပ်ပါ။ Properties ကို ရွေး။
၂) Box ကျလာရင် Costoumize ကို ရွေး။ Change Icon ကို နှိပ်။ Brown ထဲမှာ ပထမက မိမိတို့လုပ်ထားတဲ့ ပုံကို ရွေးလိုက်။
၃) Ok ။ Apply ။ Ok ပေါ့။ ဒါဆို ပြီးပြီ။

Speed Video Converter



Video တွေ Conver လုပ်ရာမှာ မြန်မြန်ဆန်ဆန် လုပ်လို့ရတဲ့ ဆော့ဝဲလ်လေး ဖော်ပြပေးလိုက်ပါတယ်။ လုပ်နည်း လုပ်ပုံ ရိုးရှင်းပြီး အဆင်ပြေစွာ Conver လုပ်နိုင်ပါတယ်။ သို့ပေမယ့် မိမိတို့ သုံးနေတဲ့ Format Factory ကတော့ အကောင်းဆုံးလို့ ဆိုလိုရပါတယ်။ Speed Video Converter လေးကိုတော့ လိုလိုမယ်မယ် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။

Window 7 အတွက် Zawgyi



Window 7 သုံးပြီး ဇော်ဂျီဖောင့် သုံးမရလို့ မေးမေးလာတဲ့ စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။ သုံးကြည့်ပါ။ မိမိအနေနဲ့တော့ မစမ်းထားတဲ့အတွက် မသိပါ။ Window XP ကို အသုံးပြုနေတဲ့အတွက်ကြောင့်ပါ။ ဒီတွင် Download လုပ်ယူပါ။

Security ကွန်ပျူတာာာာာာာာာာ


ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ ကွန်ပျူတာ လုံခြုံရေးကို နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။ ခက်ခဲတဲ့ Password ပေးပြီး လုပ်ကြသလို ဆော့ဝဲလ်များဖြင့်လဲ ကာကွယ်ကြပါတယ်။ မည်သို့ပင် လုပ်နေလဲ ခိုးသူက အမြဲ သာမြဲ သာနေသည်မှာ ယခုမှ မဟုတ်ပါ။ အခိုးခံရသူများအတွက် ဟာကွက်တစ်ခုဖြစ်သော အချက်တစ်ခုကို ကာကွယ်နိုင်ရန် ဖော်ပြလိုက်ပါ၏။

ကွန်ပျူတာ ၀င်းဒိုး တက်လာပါက မိမိတို့ အမည်ပေးထားတဲ့ User Account ကို မြင်တွေ့ရမှာပါ။ အဲဒီ Account အပြင် Hide လုပ်ထားတဲ့ Administrator Account ဆိုတာ ရှိပါတယ်။ မြင်တွေ့ချင်ရင်တော့ Ctrl + Alt + Delete ကို နှစ်ခါလောက် နှိပ်လိုက်ရင် Login Box ကျလာမှာပါ။ User နေရာမှာ Administrator ကို ရိုက်ပြီး Enter ခေါက်လိုက်ရင် ၀င်းဒိုးထဲ ၀င်ရောက်နိုင်ပါတယ်။


ဒါက စက်တိုင်းမှာ ဟာကွက်တစ်ခုအနေနဲ့ ရှိနေဆဲပါ။ သိသူက ယခုနည်းလမ်းကို အသုံးပြုပြီး ဖွင့်သုံးနေမှာပါ။ Administrator Account ဖြစ်တဲ့အတွက် Data အပြင် အခြား application တွေကိုလဲ စိတ်ကြိုက် သုံးစွဲနိုင်ပါတယ်။


ဒီအတွက် Administrator Account ကို ပိတ်ထားဖို့ လိုအပ်ပါသည်။ ဦးစွာ My computer ကို Right လုပ် Manage ကိုရွေးပါ။ Local User and Groups ကို ဖွင့်ပါ။ User တွင် Administrator ကို Double Click လုပ်။ Box ကျလာရင် Account is disabled ကို အမှန်ခြစ်ပေးပါ။ Apply ၊ Ok လုပ်ပါ။

ဒါဆိုရင် Ctrl + Alt + Delete လုပ်ပြီး ဖွင့်လို့ မရနိုင်တော့ပါ။ အခွေများဖြင့် ၀င်ရောက်နေသည့် နည်းလမ်းများကိုတော့ မဆိုလိုပါ။ ယခုနည်းလမ်းသည် ကွန်ပျူတာကို ခိုးယူ သုံးစွဲသူများအတွက် အင်မတန် လွယ်ကူနေ၏။ သို့ကြောင့် ပိတ်ထားမည် ဆိုလျှင် အလွယ်တကူ သုံးစွဲနိုင်မည် မဟုတ်ပါ။

System Care


ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ စက်ကောင်းမွန် မြန်ဆန်ရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် နေကြရပါတယ်။ ဒီလို လုပ်ဆောင်ရာမှာလဲ ဆော့ဝဲလ်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်လုပ်ဆောင် နေကြပါတယ်။ အဆင်ပြေပြီး ကောင်းမွန် လွယ်ကူတဲ့ Free Software လေးတစ်ခု ဖော်ပြချင်ပါတယ်။


Advanced System Care Software လေးက Window System ကို ထိန်းသိမ်းဖို့ ကောင်းမွန်လှပါတယ်။ ပိုက်ဆံ မကုန် အဆင်ပြေစေပါတယ်။ Window ကို ပြုပြင်မလား၊ System ရဲ့ ချို့ယွင်းချက်တွေကို လုပ်ဆောင်ပေးတဲ့အပြင် spyware removal, registry fix, privacy, disk defragment, security analyzer စတာတွေကိုလည်း Scan လုပ်ပြီး ဖြေရှင်းပေးပါတယ်။

ဒါ့အပြင် Utilities မှာ Disk Cleaner, Disk Doctor, File Shredder, Game Booster, Internet Booster .... စသဖြင့် များစွာ ပါဝင်ပါတယ်။ Auto Shutdown, Cloned Files Finder ... များစွာ ပါဝင်ပါတယ်။ စက်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

အသံပြဿနာ..............


ဒီရက်ပိုင်းတွေမှာ Network ရှိတဲ့ ကွန်ပျူတာ တော်တော်များများကို ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေတယ်။ ဒီဗိုင်းရပ်စ်က ကူးစက်မြန်သလို။ တုံ့ပြန်မှုကိုလည်း သေးငယ်တယ်လို့ ပြောရင်လဲ ရပါတယ်။ အဓိက လုပ်ဆောင်တာက အသံကို ပိတ်ဖြစ်တာပါ။ Windows Audio ကို Disable လုပ်ပစ်တာပါ။



သီချင်းဖွင့် နားထောင်လို့ အသံလဲ မထွက်။ အသံဆော့ဝဲလ်လဲ မပျက်ရင် သေချာပါပြီး Downup Virus ပါပဲ။ ကြုံဖူးသူတော့ ရှိမှာပေါ့။ လိုရမယ်ရ ဖော်ပြပေးလိုက်ပါတယ်။


၁) Downup Cleaner ကို run လိုက်ပါ။ run နေစဉ်အတွင်း တစ်ခြား မည်သည့်အလုပ်မှ မလုပ်ရန်။
၂) ပြီးပါ Ctrl + R ကို နှိပ်၍ Run Box ကို ဖွင့်ပါ။ services.msc ကို ရိုက်ဖွင့်ပါ။
၃) အောက်ဆုံးနားတွင် ရှိသော Windows Audio ကို ရှာပါ။ Started ဖြစ်ရပါမယ်။
၎) မဖြစ်ပါက Double Click နှိပ်ဖွင့်ပြီး Start Botton ကို နှိပ်ပါ။ Apply ၊ Ok ။

အသံထွက်မထွက် စမ်းကြည့်ပါ။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါတယ်။

English Font



ဒီဆိုဒ်မှာ www.dafont.com ဒီဇိုင်းမျိုးစုံနဲ့ အင်္ဂလိပ်ဖောင့်မျိုးစုံကို မြင်တွေ့ရတယ်။ တစ်ချိန်ချိန် အသုံးဝင်နိုင်တာမို့ ဒေါင်းယူထားတယ်။ မိမိတို့ အမြဲသုံးနေတာတွေက Webdings, Wingdings စသဖြင့် ဖြစ်တယ်။ U4 လည်း သုံးကြတယ်။ အခု လိုရမယ်ရ ပြောင်းသုံးမယ်ဆို ရှိသင့်တယ်လေ။ ဘာဖြစ်ဖြစ် ဒေါင်းထားလိုက်တယ်။ ပေးတာကလဲ Free။ လိုအပ်ရင် အဲဒီဆိုဒ်မှာ သွားယူနိုင်ပါတယ်။

Laptop Driver



Laptop Driver တွေ အတွက် www.laptop-driver.net က တော်တော်စုံလင်တယ် ဆိုရမယ်။ လိုချင်တာကို ဒေါင်းယူရင်လဲ လွယ်ကူတယ်။ အမျိုးအစားမျိုးစုံကို ဖော်ပြပေးထားပြီး Acer, ASUS, Compaq, Dell, HP, IBM နဲ့ အခြားအရာတွေလဲ ရနိုင်ပါတယ်။ မိမိက လက်တော့ပိုင် မရှိတော့ တိတိကျကျ မစမ်းသပ်ရသေးဘူး။ လိုအပ်ရင် သွားရောက်လေ့လာနိုင်ပါတယ်။

USB Antibody

USB antibody က Memory stick , MP4, JXD, SD Card တွေထဲ ဗိုင်းရပ်စ် ၀င်တာကို ကာကွယ်ပေးတဲ့ ဆော့ဝဲလ်လေးပါ။ ကွန်ပျူတာထဲမှာ Install လုပ်ထားရမှာ ဖြစ်ပြီး မိမိတို့ ဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ချင်တဲ့ Memory stick , MP4, JXD, SD Card စတာတွေကို စက်မှာ တပ်ဆင်ပါ။


Memory stick , MP4, JXD, SD Card တွေထဲမှာ ဗိုင်းရပ်စ်၊ ဒါမှ မဟုတ် Autorun.inf ဖိုင်ရှိနေရင် အပေါ်မှာ ကွင်းဝိုင်းထားတဲ့အတိုင်း လုပ်ပြီး Delete လုပ်ရပါမယ်။


ပြီးရင် နောက်ထပ် ဗိုင်းရပ်စ် မ၀င်ရောက်ဖို့အတွက် အပေါ်မှာ ပြထားတဲ့အတိုင်း Install လုပ်ထားပေးရပါမယ်။ ဒါဆို Memory stick , MP4, JXD, SD Card ထဲကို ဗိုင်းရပ်စ်ဝင်ရောက်ဖို့ မလွယ်ကူလောက် တော့ပါဘူး။ ဆော့ဝဲလ်ကို Download လုပ်ယူပါ။

Friday, October 28, 2011

အတိုအစလေးများ

GtalkBoomber ကနေသူငယ်ချင်တို အင်ဗိုက်တောင်ထားတဲသူတွေဆီကိုအခမဲ့မေးပိုပေးတယ်လေ

လုပ်ပုံလုပ်နေည်းလေး စမ်းတယ်ဗျ ........

သူဆီမှာ gtalk ရဲ့ username  နဲ့ password ထည့်၇တယ်

singin  လုပ်လိုက်တာနဲ ကိုယ်အင်ဗိုက်လုပ်ထားတဲ့ သူစ၇င်တွေ ပြမယ်

အဲဒီမှာ ကျွန်တော်တိုတွေက ပိုချင်တဲ့သူတွေကို အမှတ်ခြစ်ပေးလိုက်ယုံပါဘဲ

ပြီးတာနဲ  sent လုပ်လိုက်၇ပါပြီး

သူငယ်ချင်တို gtalk လုံခြုံမှုအတါက်ကိုလဲ အာမခံထားသေးတယ်လေ

စိတ်ဝင်စား၇င်စမ်းကြည်နော်

Gmail မှာ Chat menu box ကို ညာဘက်သို့ပြောင်းလိုလျှင်

သင့် Gmail window မှာ မူလဘယ်ဘက် မှာရှိနေတဲ့ chat menu box လေးကို window
ရဲ့ ညာဘက်ကို ပြောင်းထားလို့ရပါတယ်။ နောက်ပိုင်း သင် gadget တစ်ခုခုကို ထည့်လိုတဲ့အခါမှာလည်း သင့် Gmail window ရဲ့ ဘယ်ဘက်မှာ ကွက်လပ်
ပိုရသွားပါတယ်။ အဲ့ဒီမူရင်းရှိနေတဲ့ chat menu box နေရာမှလဲ ကိုလိုချင်တဲ့ gadget လေးဖြည့်ထည့်လို့ရတယ်ဆိုတော့ လဲ
အဆင်ပြေသွားတာပေါ့....

သင့် Gmail ကို ဝင်ပါ။ ပြီးလျှင် ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Setting
ကိုသွားပါ။ ပြီးလျှင် Labs menu ကိုထပ်သွားပါ။ Labs menu ရဲ့ အောက်မှာ
Right-side Chat ဆိုတဲ့ နေရာမှာ Enable ကိုရွေးပါ။ ပြီးလျှင် သင့် key
board မှ End key ကိုနှိပ်ပြီး အောက်ဆုံးကိုသွားလိုက်ပါ။ Save Changes
ကိုနှိပ်ပါ။ သင့် Gmail window က reload ပြန်လုပ်ပြီး သင့် chat window
ကသင့် Gmail ရဲ့ ညာဘက်ကိုရောက်သွားတာကိုတွေ့ရပါလိမ့်မယ်။

အဆင်ပြေမယ်လို့တော့ထင်ပါတယ်....

သူခိုးလေးတွေဖမ်းကျမယ်...............

ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက
အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
ပြီးရင်.. Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။
ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄)You are not allowed to view links. Register or Login is offline and can’t receive messages right now.
လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history
ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

စမ်းကြည့်လိုက်ပါ.....ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲဟဲ..။

Gtalk မှာ မိမိနာမည်မကျန်ခဲ့စေချင်ရင်

ကျွန်တော်တို.Gtalkသုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများပါတယ်။
အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.GmailAddressတွေမကျန်ခဲ့စေအောင်
်သုံးတဲ့နည်းလေးပါ။မိမိGtalk၀င်ခဲ့ရင်လဲမိမိGmailAddressကိုမကျန်ခဲ့အောင်ဘယ်လိုဖျက်မလဲဆိုတာ
တင်ပြပေးချင်ပါတယ်။အဲဒီတော့စက်ထဲမှာမိမိGmailAddressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။
နည်းလမ်းလေးကတော့

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။
(သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။

Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။

ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။

List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။

List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။

တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။
List ကျလာပါလိမ့်မည်။

၇။ Account နှိပ်ပါ။

Gmail Address များကိုတွေ.ရပါလိမ့်မည်။
အကယ်လို.မိမိ Gtalk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိGmail Addressနာမည်
ပေါ်နေပါလိမ့်မည်။
ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။
Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right
ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။

အင်တာနက်ဆိုင်က သုံးရင် msdts.exe ဆိုရင် key-logger...သတိထားဖို့...

All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊
(သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)။
အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။
ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။
တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား ..
software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။
ကဲ . ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။
Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။
Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။
ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။
အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။
အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက
ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ်
end process ပေးလိုက်တာပါပဲ...။
ဘာလို့ဆို ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့
အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး.......
ကိုယ်သုံးတဲ့ အကောင့်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။

Right Click ထောက်မရတဲ့ Website မှာ Right Click ထောက်ရအောင် လုပ်မယ်.................

အခုနည်းလမ်းလေးကတော့ တချို့ Website တွေမှာ ဓါတ်ပုံဖြစ်စေ ၊ တခြား ကူးယူချင်တာပဲ ဖြစ်စေ ကူးယူလို့မရအောင် Right Click တွေကို Disable ပေးထားကြပါတယ်....
ယခုနည်းလမ်းကတော့ Right Click Disable ပေးထားတာကို Enable ပေးနိုင်တဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်....သိထားပြီးသားဆိုရင်တော့ [27] [27] [27]


Internet Explorer Browser အတွက်
1. Tools>Internet options>Security ကိုသွားလိုက်ပါ...
2. Custom Level ကို Click လုပ်ပါ..
3. Scripting ဆိုတဲ့ခေါင်းစဉ်ကို လိုက်ရှာလိုက်ပါ..
4. တွေ့ပြီဆိုတာနဲ့ Active Scripting ကို Disable ပေးပြီး OK လုပ်လိုက်ပြီး Restart လုပ်လိုက်ပါ...


Mozilla Firefox Browser အတွက်
1. Tools>Options>Content ကိုသွားလိုက်ပါ...
2. Enable JavaScript မှာ အမှန်ခြစ်ပေးထားတာလေးကို ဖြတ်ပေးပြီး Ok လုပ်လိုက်ရင် ရပါပြီ....


Google Chrome Browser အတွက်
1. Browser ရဲ့ ညာဘက်ထောင့်နားမှရှိတဲ့ Wrench Icon ကို Click လိုက်ပါ...
2. Options ကိုဆက် Click လိုက်ပါ...
3. Under the Hood tab ကို ဆက်သွားပါ...
4. Content Setings ထဲမှာ JavaScript ကို Click လုပ်ပြီး Disable ပေးလိုက်ရင် ရပါပြီ...

Gtalk ကနေဘာသာပြန်ကြရအောင်...

အခုဆိုရင် Gtalk မှာ ကိုယ်ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ် ပါရှိလာပါပြီ။

Gtalk ရဲ့ဘာသာပြန်စနစ်ကိုသုံးနိုင်ဖို့ Translation Bots လေးတွေကိုသိရမှာဖြစ်ပြီး အဲဒီ Bots လေးတွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ရမှာဖြစ်ပါတယ်။
(Translation Bot ဆိုတာ ဘာသာပြန်တဲ့အလုပ်ကို အလိုအလျောက်လုပ်ဆောင်ပေးတဲ့ Computer Program တစ်ခုပဲ ဖြစ်ပါတယ်။)
Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English ဆိုရင် EN ) ကို အသုံးပြုထားပါတယ်။
ဒါကြောင့် ဥပမာ...ကိုယ်က အင်္ဂလိပ်ကနေ ဂျပန်ကို ပြောင်းချင်တယ်ဆိုရင် ပထမဆုံး You are not allowed to view links. Register or Login ကို invite လုပ်ရမှာဖြစ်ပါတယ်။
invite လုပ်ပြီးတာနဲ့ ကိုယ့်ရဲ့ contact list ထဲမှာ en2ja ဆိုတဲ့ contact person တစ်ယောက်တိုးလာပါလိမ့်မယ်။
အဲဒီ contact person ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီးပြောလိုက်ရုံပါပဲ။
သူက ချက်ချင်း ဘာသာပြန်ပေးပါလိမ့်မယ်။
ဘာသာစကားတိုင်းအတွက် အပြန်အလှန် ဘာသာပြန်ကြည့်နိုင်ပါတယ်။
ဥပမာ...အင်္ဂလိပ်-ဂျပန် အတွက် en2ja ဆို ဂျပန်-အင်္ဂလိပ်အတွက် ja2en ကို invite လုပ်ပေးရုံပါပဲ။
အခုဖော်ပြထားတဲ့ bots လေးတွေကတော့ အခုလက်ရှိအသုံးပြုနိုင်တဲ့ ဘာသာစကားလေးတွေဖြစ်ပါတယ်။
စုစုပေါင်း ဘာသာစကား(၂၆)ခု ကို အပြန်အလှန်ဘာသာပြန်နိုင်မှာဖြစ်ပါတယ်။

Arabic – English ar2en en2ar
Bulgarian - English bg2en en2bg
Czech - English cs2en en2cs
Danish - English da2en en2da
German - English de2en en2de
German - French de2fr fr2de
Greek - English el2en en2el
Spanish - English es2en en2es
Finnish - English fi2en en2fi
French - English fr2en en2fr
Hindi - English hi2en en2hi
Croatian - English hr2en en2hr
Italian - English it2en en2it
Japanese - English ja2en en2ja
Korean - English ko2en en2ko
Dutch - English nl2en en2nl
Norwegian - English no2en en2no
Polish - English pl2en en2pl
Portuguese - English pt2en en2pt
Romanian - English ro2en en2ro
Russian - English ru2en en2ru
Swedish - English sv2en en2sv
Chinese - English zh2en en2zh
Traditional Chinese -English zh-hant2en en2zh-hant
Traditional Chinese -Chinese zh-hant2zh zh2zh-han

Gtalk ထဲမှာ ညာခံမထိအောင်လို့ IP adress ကိုထောက်လှမ်းရေးလုပ်ကျရအောင်.....

G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို
ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်ဗျာ..

ကဲစပြီးစမ်းကြည့်ရအောင်

ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ၀င်လိုက်ပါ..

ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ

ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ

show original ကိုဆက်လက် click ပါ

Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ

Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့

သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com

မှာ

သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို

မိတ်ဆွေတို့ သိရပြီပေါ့ဗျာ

GMAIL ကို ဖွင့်လိုက်တာနဲ့  Inbox ထဲမှာမဖတ်ရသေးတဲ့ Mails တွေကို အပေါ်ဆုံးက ပေါ်စေချင်ရင်...........

ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ ကိုယ်ကမေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့
အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်ကမေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း
ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊အရေးကြီးတာတွေကို
ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ဗျာ။ Gmail ကိုဖွင့်ပြီးရင် search box
ထဲမှာ label:unread in:inbox ဆိုတာကို
ရိုက်ပြီးတော့ Search Mail ဆိုတာကို Click
လိုက်ရင်မဖတ်ရသေးတဲ့ Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေမှုတွေကိုသာ ရရှိနိုင်ကြပါစေ ခင်ဗျာ။

ကွန်ပျူတာ ဘာကြောင့် နှေးသွားရတာလဲ............????

“ကျွန်တော့် ကွန်ပျူတာက ဘာလို့ အလွန်နှေးနေတာလဲ” လို့ သင့်ကိုယ်သင် မကြခဏမေးဖူးပါသလား။ သူတို့ရဲ့ ကွန်ပျူတာက နှေးသွားတဲ့အခါ ကွန်ပျူတာ သုံးသူတိုင်းက ဘာမှ မလုပ်တတ်ကြတော့ပါဘူး။ တစ်ချိန်တုန်းက အဖြေကို ရှာခဲ့တာကြောင့် ကျွန်တော် သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် ကွန်ပျူတာက အကြောင်းပြချက်မရှိဘဲနဲ့ နှေးသွားတတ်လို့ပါ။ ကျွန်တော့် ကွန်ပျူတာပေါ်မှာ Spyware တွေကြောင့် ပါလို့ တစ်ချို့ လူတွေက ပြောပါတယ်။ ဒါပေမယ့် Spyware ကို ရှင်းလင်းလိုက်ပေမယ့် ကျွန်တော့် ကွန်ပျူတာရဲ့ စွမ်းရည်ကို အကျိုးမသက်ရောက်ပါဘူး။ အဲဒီကတည်းက ပြသာနာက စစ်စတမ်ထဲက လာတယ်ဆိုတာ တွက်ဆမိပါတယ်။

၁။ ကွန်ပျူတာတစ်လုံးက ဘာကြောင့် နှေးသွားရတာလဲ။

အွန်လိုင်း ၀က်ဆိုဒ်များနဲ့ ဖောရမ်များမှာ ပိုမို လွန်ကဲတဲ့ လေ့လာမူတွေကို လုပ်ပြီးတဲ့ နောက်တွင် ကွန်ပျူတာ Registry က Error တွေကြောင့် ဖြစ်တဲ့ ကွန်ပျူတာနှေးကွေးမူရဲ့ အဓိကအကြောင်းရင်းကို လေ့လာခဲ့ပါတယ်။ လူအများစုက Registry ဟာ ဘာအတွက်ဆိုတာရယ် ဒါမှမဟုတ် ကွန်ပျူတာတစ်လုံးကို ဘယ်လိုနည်းနဲ့ နှေးနိုင်တယ်ဆိုတာကို မသိကြပါဘူး။

၂။ ကွန်ပျူတာ Registry ဆိုတာ ဘာလဲ။

ကွန်ပျူတာထဲမှာရှိတဲ့ Registry ဖိုင်များမှာ သင့် ဟာ့ဝဲ နဲ့ ဆော့ဝဲ ကို မှန်မှန်ကန်ကန် ဘယ်လို လည်ပတ်ရမယ်ဆိုတာ ပြောဖို့ ညွှန်းကြားချက်များနဲ့ Setting များ ပါဝင်ပါတယ်။ Application တစ်ခုကို လုပ်ဆောင်တဲ့ အခါ ကွန်ပျူတာက မှန်ကန်တဲ့ Registry Key များကို ရှာဖွေဖို့ ရှေ့ဆက်ပါတယ်။ အချိန်ကြာလာတဲ့ အမျှ Registry မှာ Error များ ပိုမို ပါဝင်လာပါတယ်။ ဒါမှမဟုတ် စစ်စတမ်က အဲဒါတွေကို အကြိမ်ကြိမ် ရွေ့ပြောင်းပြီးတဲ့ အခါတွင် Registry Key များက ရှုပ်ပွလာပါတယ်။ စစ်စတမ်ကနေ ပျောက်ဆုံးနေတဲ့ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ အပိုင်းများကို တွေ့တဲ့အခါ ကွန်ပျူတာက ကြောက်စရာကောင်းလောက်အောင် နှေးသွားပါတယ်။ ဒါမှမဟုတ် Hang တောင် ဖြစ်သွားနိုင်ပါတယ်။

၃။ သင့် ကွန်ပျူတာ Registry ကို ဘယ်လိုနည်းနဲ့ ပြင်ဆင်မလဲ။

သင့် ကွန်ပျူတာကို ပြင်ဆင်တာက လွယ်ကူပါတယ်။ ဒါပေမယ့် သင်က Registry Setting များကို ပြောင်းလဲခြင်းနဲ့ အတွေ့အကြုံ မရှိဘူးဆိုရင် သင်ကိုယ်တိုင် လုပ်ဆောင်ဖို့ မကြိုးစားသင့်ပါဘူး။ အမှတ် အမြင့်ဆုံး Registry Cleaner တစ်ခုကို အင်တာနက်ကနေ ကျွန်တော် ဒေါင်းလုပ် လုပ်ခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ကွန်ပျူတာရဲ့ Registry ထဲမှာရှိတဲ့ Errors ပေါင်းရာချီကို မဖော်ထုတ်ခင်မှာ ကျွန်တော့် ကွန်ပျူတာကို Scan ဖတ်ပါတယ်။ နောက် ဆယ့်မိနှစ်လောက် ကြာတော့ ကျွန်တော့် ကွန်ပျူတာကို ရှင်းလင်းပေးလိုက်ပြီး သူရဲ့ လုပ်ဆောင်မူနူန်းက သိသိသာသာကို တိုးလာပါတယ်။ ကျွန်တော့် ကွန်ပျူတာက နောက်တစ်ကြိမ် အသစ်တစ်လုံးလို ခံစားရပါတယ်။

၎။ သင့် Registry ကို ထိန်းသိမ်းခြင်း

သင့် Registry ကို ရှင်းလင်းပြီးတဲ့နောက်တွင် အဲဒီအပေါ်မှာ သင့်အနေနဲက ထိန်းသိမ်းခြင်းကို လုပ်ဆောင်သင့်ပါတယ်။ သင့် Registry Cleaner ကို သင့် ကွန်ပျူတာ ချောချောမွတ်မွတ် လည်ပတ်နေစေဖို့ ရက်သတ္တပတ် အနည်းငယ် တစ်ကြိမ် Scan လုပ်ပေးပါ။ သင့် Registry ဖိုင်များကို ပြင်ဆင်ပါ။ သင့် ကွန်ပျူတာကို နောက်တစ်ခါ အသစ်တစ်လုံးကဲ့သို့ လုပ်ဆောင်ပေးပါ။

(၀န်ခံချက်။ ။စာရေးဆရာ Austin Porter ရဲ့ ဆောင်းပါး Why is My Computer So Slow? ကို မြန်မာ ဘာသာသို့ ပြန်ဆိုပါတယ်။)

ကွန်ပြူတာကို စကားပြောခိုင်းပီး ကောင်မလေး ဆီက အချစ်ကိုရအောင် ယူမယ်............:P:P:P:P:P

ဘယ်လိုပေးပြောမလဲ? ဒီအောက်က အတိုင်းလုပ်ကြည့်ပါ..

Notepad ကိုဖွင့်ပါ.ပြီးရင် ဒီအောက်က code ကို copy ယူပြီး notepad မှာ
paste ထည့်လိုက်ပါ..


Do
Dim msg, sapi
msg="1437 = I Love You"
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg
loop

ပြီးရင် Talker.vbs လိုနာမည်ပေးပြီး Save လိုက်ပါ..
နောက် ကိုယ် save ထားတဲ့Talker.vbs ကို ဖွင့်လိုက်ပါ..1437 = I Love You ဆိုပြီး ထပ်ခါထပ်ခါ
ပြောလာပါလိမ့်မယ်..1437 = I Love You ဆိုတဲ့ပြထားတဲ့စာသားကိုကိုယ်ကြိုက်တဲ့ စားသားနဲ့ပြောင်းလို.ရပါတယ်..ဥပမာ I Love You Chit Lay , I love You Ma ma < i Hate You
တခုခုပေါ့ဗျာ

စကားပြောတာကိုရပ်ချင်ရင် CTRL + ALT + DEL >>ကိုနိုပ်ပြီး task manager ကိုဖွင့်လိုက်ပါ..နောက် Processes TAB ထဲကိုဝင်ပြီး wbscript.exe ကိုရှာပါ ..
တွေ့ပြီဆိုရင် သူ့ကို Select ပြီး End Process ကိုနိုပ်လိုက်ရုံပါပဲ..အဲဒါပါပဲခင်ဗျာ.. :) ။


ဒီပို့စ်လေးက သူငယ်ချင်းတယောက်က ဖော်ဝက်မေးက ပို့လိုက်တာပါ

ကဲ Trick လေးနဲ့ ဘယ်လို ယူမလဲပြောပြမယ်နော်
ကောင်မလေးကို Gtalk ကနေ နင့် ကို ထူးဆန်းတာလေး ပြမယ်ဆိုပီး
ကုတ်တွေ ကူးခိုင်းပြီးရင် save ခိုင်း အဲဒီ အထိ အဲဒီမှာ ကွန်ပြူတာက နမ်းစတော့
တရက်ဆက် ပြောနေမယ် ..I Love You ma ma , do u love me စသဖြင့်ပေါ့
ပိတ်နည်းတော့ မပြောပြနဲ့ ။။။ပီးတော့မှ ချစ်တယ်ပြောမှ ပတ်နည်းပြောပြမယ်ဆိုပီး

CTRL + ALT + DEL >>ကိုနိုပ်ပြီး task manager ကိုဖွင့်လိုက်ပါ..နောက် Processes TAB ထဲကိုဝင်ပြီး wbscript.exe ကိုရှာပါ ..
တွေ့ပြီဆိုရင် သူ့ကို Select ပြီး End Process ကိုနိုပ်လိုက်ရုံပါပဲ..
ဆိုပီး ပြောလိုက်ပေတော့

ဒီနေရာက ကူးလာတာပါကွယ်...............
ပါးရိုက်ခံကြရရင်တော့နာပါဝူးးးးးးးးနော်

အချက်အလက်များကို Web Site တစ်ခုတည်းသာ မဟုတ်ဘဲ Gtalk ကပါ ရှာဖွေပေးနိုင်ခြင်း..........

Gtalk ကို Chatting အတွက်သာမက မိမိလုပ်ငန်းအတွက် အကျိုးရှိစွာ သုံးစွဲနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခု ထွက်ပေါ်လာပါပြီ။

နောက်တစ်ချက်ကတော့ Gtalk သုံးစွဲဖို့ အကောင်းဆုံး အကြောင်းပြချက်တစ်ခုအနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ အဲဒါ ဘာလဲဆိုတော့
အရင်တုန်းကလို အင်္ဂလိပ် – မြန်မာ ဘာသာပြန် ထည့်သလို၊ အိုင်တီနဲ့ပတ်သက်တာတွေ မေးမြန်းလို့ရတဲ့ အကောင့်လိုပဲ လုပ်ငန်းလိပ်စာတွေအတိအကျ လိုချင်သလို အလွယ်တကူ ရရှိနိုင်တဲ့ အကောင့်တွေကတော့ gtalk@themyanmardirectory.com နဲ့

mydirectory@bot.im ကိုinvite လုပ်ထားရုံနဲ့ သိချင်တဲ့လိပ်စာတွေ အလွယ်တကူ ရန်ကုန်ဒိုင်ယာရီ စာအုပ် မလိုပဲ သိရှိနိုင်တဲ့ အကောင့်လေးတွေပါ။

♥ ♥ ♥ ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ ♥ ♥ ♥


http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင်
http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ
http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း
http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များ




http://www.mediafire.com/?tzdqjdmemdj = ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာများ
http://www.mediafire.com/?xagz1meq9yn = မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့်
http://www.mediafire.com/?dgxzdjwdrmd = ၀က်ပိတ်တစ်ခုဖန်တီးခြင်း
http://www.mediafire.com/?w3cdqdzwmmx = HTML မိတ်ဆက်
http://www.mediafire.com/?zjcjv2dnrso = ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ


http://www.mediafire.com/?twdjnizznnu = PHOTOSHOP NOTES(2) အကြောင်း
http://www.mediafire.com/?p07vsb70gmrk9q5 = ADOBE PHOTOSHOP CS (မြန်မာ)
http://www.mediafire.com/?52q0ew2umzg = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်)
http://www.mediafire.com/?wlzgykyjmjw = MAYA AND PHOTOSHOP (အင်္ဂလိပ်)
http://www.mediafire.com/?0yxwwztxf1k = ADOBE PHOTOSHOP 7.0
http://www.mediafire.com/?twdjnizznnu = ဖိုတိုရှော့မှတ်စုများ
http://www.mediafire.com/?jd0hmmzdqdj = ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
http://www.mediafire.com/?ijjgjjvz3t3 = ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာ


http://www.mediafire.com/?dluzztilwmb = PC MECHANIC
http://www.mediafire.com/?ytoevqnnqwy = ပီစီတစ်လုံးတပ်ဆင်ရန်ရွေးခြယ်ခြင်း
http://www.mediafire.com/?qatznyhmycx = ကွန်ပြူတာသိပံ္ပ္ပမိတ်ဆက်
http://www.mediafire.com/?dluzztilwmb = ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ
http://www.mediafire.com/?qnji1uh2qnj = ကွန်ပျူတာအကြောင်းအသေးစိတ်သိစရာ
http://www.mediafire.com/?zxjnayfxynw = ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း
http://www.mediafire.com/?ksqsyeashheupib = အကောင်းဆုံးကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်
http://www.mediafire.com/?qndaxgdede0 =ကွန်ပျူတာအမေးအဖြေ
http://www.mediafire.com/?wswd9ayna1t = ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့်
http://www.mediafire.com/?z0jmgzdyggq = ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့်
http://www.mediafire.com/?dzsiyudsbh3 = သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
http://www.mediafire.com/?twnftxnvxtr = ကွန်ပျူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ
http://www.mediafire.com/?njiycdz4htw = တီထွင်မှုမှော်ဝိဇ္ဇာကြီးအယ်လ်ဗာအယ်ဒီဆင်
http://www.mediafire.com/?ymzb9ubyzmm = ၂၁ရာစုဂူးဂဲနှင့်ပြောင်းလဲသွားသောအင်တာနက်စီးပွားရေးစနစ်ကိုလေ့လာခြင်း
http://www.mediafire.com/?cigqtwgskzx = တီထွင်မှုများ
http://www.mediafire.com/?wymogtik4cu = သိပ္ပံနှင့်နည်းပညာ


http://www.mediafire.com/?kv1qe99nr8id3gb = TWENTY THINGS I LEARNED ABOUT BROWSER AND INTERNET (အင်္ဂလိပ်)
http://www.mediafire.com/?fflsbgmr77i9rbo = WEB DESIGN HTML AND CSS
http://www.mediafire.com/?jhh7u5ksx3hum5m = AUTOCAD 2005
http://www.mediafire.com/?uv7gv93w69ykx13 = AUTOCAD 2002
http://www.mediafire.com/?udt25jcc8o5f3d2 = MICROSOFT WORD 2002
http://www.mediafire.com/?yzyummzde2m = MICROSOFT EXCEL 2002
http://www.mediafire.com/?yidm0udqzuz = WINDOW INSTALLATION (မြန်မာ)
http://www.mediafire.com/?gzzntmzzcxm = INTRODUCING MAYA 2008 (အင်္ဂလိပ်)
http://www.mediafire.com/?zzydzvnm0dd = MS FRONT PAGE 2002
http://www.mediafire.com/?mj2nzlrzw3v = BASIC WORD PROCESSING (အင်္ဂလိပ်)
http://www.mediafire.com/?niyytyqwwtj = COMPUTER DICTIONARY (အင်္ဂလိပ်)
http://www.mediafire.com/?quhmiu0gomy = LEARNING GUIDE FOR
http://www.mediafire.com/?gzt2tycucb3 = VIDEO CONFERENCING SERVER (မြန်မာ)
http://www.mediafire.com/?d1dkxscgcsz = SMALL OFFICE OR HOME OFFICE
http://www.mediafire.com/?uu0mj6i2dyd6nkf = REMOTE DESKTOP ENVIRONMENT
http://www.mediafire.com/?wgjxwdznend = PROTECTING FROM
http://www.mediafire.com/?cclacsgsywd = NETWORK ADDRESS TRANSLATION
http://www.mediafire.com/?wan1g45myhw = CMS AND DYNAMIC PORTAL ENGINE
http://www.mediafire.com/?wjzrnumnmtg = INTERNET CONNECTION SHARING
http://www.mediafire.com/?nyf3dwiezmz = E-MAIL SERVER
http://www.mediafire.com/?jmzmewt9cm1 = DOMAIN NAME SYSTEM SERVER
http://www.mediafire.com/?gzdzlffuzqz = LEARNING CSS- 2
http://www.mediafire.com/?eoe2jwhniyd = MS POWER POINT 2002
http://www.mediafire.com/?znjmdeh3zkd = LEARNING CSS
http://www.mediafire.com/?myzzm4tjnh4 = HARDWARE AND NETWORK
http://www.mediafire.com/?44ykzzz1m2m = VISUAL BASIC 6.0
http://www.mediafire.com/?jnmgjymmz1u = VB 6.0 TUTORIALS (အင်္ဂလိပ်)
http://www.mediafire.com/?l07778b87waz8os = MICROSOFT ACCESS 2002
http://www.mediafire.com/?d2ikzdwunad = LEARNING HARDWARE IN 5 MIN
http://www.mediafire.com/?xo9txgs54c2cytf = BUILDING WEBSITES WITH JOOMLA
http://www.mediafire.com/?bb71n4lq41v045t = JOOMLA QUICK START (အင်္ဂလိပ်)
http://www.mediafire.com/?mfmegtmadyx = FrontPage2002 (မြန်မာ)

Download လုပ်ရာတွင် မြန်စေချင်ရင်...............

အင်တာနက်မှ မိမိတို့ အလိုရှိရာကို ဒေါင်းလုပ် လုပ်ယူရာတွင် နှေးကွေးသည့် ပြဿနာဟာ တော်တော်ကို ဆိုးပါတယ်။ မြန်မာနိုင်ငံရဲ့ ကွန်နက်ရှင်က ခပ်နှေးနှေး၊ ဒေါင်းလုပ် ယူရာတွင် ခပ်နှေးနှေး ဖြစ်နေရင်တော့ မိုးသာ လင်းသွားမည် ဖိုင်တစ်ခု ရဖို့ မလွယ်ကူလှပါ။ ဒီတော့ တစ်ဖက်ကလဲ ဒေါင်းလုပ် လုပ်ရာတွင် မြန်ဆန်ဖို့ အောက်က နည်းလမ်းလေးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုထိ မြန်ဆန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

(၁) Start မှ Run ကို ဖွင့်ပါ။
(၂) gpedit.msc ကို ရိုက်ဖွင့်ပါ။ Group Policy Editor ပေါ်လာပါက Computer Configuration ကို ရွေးပါ။
(၃) ပြီးလျှင် Administration Templates မှ Network မှတစ်ဆင့် Qos Packet Scheduler ကို Select မှတ်ပါ။
(၄) ညာဘက်တွင် Limit reservable bandwith ကို Double Clicke လုပ်ပါ။ Box ပေါ်လာလျှင် Enable လုပ်ပါ။
(၅) bandwith limit ကို50 ပြောင်းလိုက်ပါ။ အိုကေပါ။

Defreezee သုံးနေတဲ့လူတွေ အတွက်အဆင်ပြေမယ်ထင်ပါတယ်

My Document ကိုလမ်းကြောင်းလေး ပြောင်းတာလေးပါ
My Document>Right Click>properties>Target Folder Location မှာ ကိုယ်ပြောင်းထားပေးချင်တဲ့ လမ်းကြောင်းလေး ရိုက်ထည့်ပေး၊ ဥပမာ D:\ ပေါ့ ပြီးရင် move ဆိုတာလေးကိုနှိပ်လိုက်ပါ ပြီးရင် အိုကေ ပေါ့
My Document ထဲမှာဆေ့မိရင်လဲ သူ့အလိုလို D အောက်ထဲကိုရောက်သွားပါလိမ့် D ထဲကိုဆေ့ရင်လဲ My Document ထဲမှာဝင်နေမှာပါပဲ သူတို့နှစ်ခုကို ချိတ်ဆက်ပေးတဲ့သဘောလေးပါ..
အမှားပါရင်ခွင့်လွှတ်ပါ
အဆင်ပြေပါစေဗျာ

Admin Magic Software လေးပါ......

ဒီ Software က Local LAN အတွင်းမှာ ရှိနေတဲ့ Computer တွေကို အဲ့ဒီ Software တင်ထားတဲ့ Computer ကနေ လှမ်းကြည့်၊ ထိန်းချုပ်လို့ရတယ်...ဟိုဘက်ကသူကလည်းမသိဘူး...........သူ့ Software က VNC လိုဘဲ......ဒါပေမယ့် VNC ထက်ပိုကောင်းတာက Computer တွေ ကို အများကြီးကို တပြိုင်တည်း ကြည့်နိုင်တယ်..ထိန်းချုပ်နိုင်တယ်.....Client မှာ တင်ထားတဲ့ Admin Magic Service ကလည်း VNC လို Antivirus နဲ့ မညှိဘူး.......အောက်က Link က Software ကို download ချနိုင်ပါတယ်....
http://www.4shared.com/file/BsmCQ4zk/Admin_Magic.htm

Gneric Host Process For Win32 Services Virus လေးပါ

အဲဒီကောင်လေးကို ကြုံဖူးကြလာတော့မသိဘူး အဲကောင် ၀င်လာပြီဆိုရင် Task bar ကနဂိုလိုပုံမှန် မဟုတ်ပဲ ပြောင်းသွားတာလေ အဲကောင်လေးဝင်ပြီဆိုရင်
နက်ဝက်ဆွဲလို့ရတော့ ဘူး ပြီးတော့ အသံရတော့ဘူး restart ချရင်ပြန်ရတယ် အဲလို ခဏခဏချ နေရတော့ ကောင်းဝူးနော် အဲဒီတော့
သူ့ကိုလျှပ်တပြတ်ဖြေရှင်းနည်း လေးပြောပြမယ်နော် သိရင် ငြိမ်ငြိမ်လေးနေကျ ကျွန်တော်ဖြေတာနဲ့မတူရင် နောက်ထက်ဝင်ဆွေးနွေးပေးကြနော်
win key+R>services.msc>Window Audio ကို start လုပ်ပေးလိုက် အဲဒါဆိုရင် အသံ ပြန်ရမယ်ဗျာ
နက်ဝက်ဆွဲဖို့အတွက် အောက်ဆုံးက workstation ကိုသွားပြီး start လုပ်ပေးလိုက် ဗျာ
အဲဒါ လျှပ်တပြတ်ဖြေရှင်းတာလေးပါ အပြီးအပိုင် ရှင်းနည်းလေးကိုပြောကြပါအုံးနော်သိတဲ့ လူများ.....

Ad-aware (portable) ဆိုတဲ့ ဆော့ ဝဲလ်လေးပါ............

၁၊  malware
၂၊  protecting you from viruses
၃၊  spyware
၎၊  trojans
၅၊  rootkits
၆၊  keyloggers
၇၊  password stealers
များကို ကာကွယ်ဖယ်ရှားပေးတဲ့ ဆော့ဝဲလ်တစ်ခုပါ...

ဆိုဒ်ကတော့ 59.8MB ရှိတယ်..
အောက်မှာ ယူလိုက်ပါနော်

http://www.mediafire.com/?o1zyzmdm0eq 

Portable AMS photo effects Software ............

ဒီဟာလေးကတော့ဓါတ်ပုံတွေကိုeffectsလေးတွေထည့်ပြီးအလန်းလေးတွေဖြစ်အောင်လုပ်တာပါ.... ဒီဟာလေးကတော့ တစ်မျိုးလေးနဲ့အသုံးဝင်ပြီးလုပ်ရတာလည်းလွယ်ပါတယ်...
လိုချင်ရင်ယူပြီးကလိကြည့်နော်...
 

1.Portable လေးကိုဖွင့်လိုက်တဲ့ အချိန်မှာအောက်မှာပြထားတဲ့ပုံစံအတိုင်းတွေ့ရပါလိမ့်မယ်ခင်ဗျာ open ဆိုတဲ့ နေရာကနေ မိမိပုံကိုယူလို့ရပါတယ်ခင်ဗျာ။ Effects ဆိုတဲ့ နေရာကနေမိမိကြိုက် နှစ်သက်တဲ့Effects ကို ထည့်ပါ ပြီးရင် apply ပေးပါ။
2.နောက်ထပ် Decoration ၊ Composition ကနေပြီးတော့ effects တွေထပ်ထည့်ရပါတယ် ခင်ဗျာ ။
3. မိမိစိတ်ကြိုက်လုပ်ပြီးသွားပြီ ဆိုရင်တော့ save သို့မဟုတ် file အောက် save as ကနေပြီးတော့ save ပါ။
ဒီမှာယူလိုက်ပါ     http://www.mediafire.com/?od2ztmzmzj3

satellite ထဲကနေမိမိချစ်သူဘာလုပ်နေလဲဝင်ကြည့်မယ်...:P:P:P

ဒီနေ့ ခေတ်အား IT ခေတ်ဆိုတဲ့ အတိုင်း အရမ်းတိုးတက်တာ အံ့သြသင့်စရာပါပဲ …..

အခုပဲ satellite ကနေ မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ အလွယ်တကူကြည့်လို့ ရပါတယ် ..

ဘာမှမလိုအပ်ပါဘူး .. မိမိချစ်သူရဲ့  ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးယုံပါပဲ ..

satellite ကနေဖုန်း Network နဲ့ ချိတ်ဆက်ပြီး ရှာဖွေပေးတာပါ ..

ကော်နက်ရှင် အရမ်းကောင်းစရာလဲ မလိုပါဘူး ..

လုပ်နည်းကတော့ Countery ကိုရွေး ၊ ပြီးရင် မိမိချစ်သူ ဖုန်းနံပါတ်ကိုထည့် ဒါဆိုရပါပြီး
..

ကဲ … ကြည့်ချင်ရင်တော့ အောက်ကလင့်ကို ပြေးပေးတော့ဗျို့

http://www.themobiletracker.com/english/index.html   ဒီနေရာလေးမှာကြည့် လိုက်ပါဗျာ...ဟိဟိ

မိမိကွန်ပျူတာထဲမှာဇော်ဂျီရှိပြီးစာမပေါ်ရင်............

ကျွန်တော်တိုင်ပတ်သွားတဲ့အရာပါဇော်ဂျီဖောင့်ရှိရဲ့သားနဲ့ တစ်ချို့ ဆိုဒ်တွေမှာစာမပေါ်ဘဲပဲပင်ပေါက်
တွေဖြစ်နေပါတယ်အဲ့လိုမျိုးဖြစ်ခဲ့ရင်တော့

mozilla firefox ကိုဖွင့် Tools ထဲက Option ကိုဖွင့်ပါ။
Content ဆိုတဲ့ Tab ထဲမှာ Defaunt Font ထဲမှာ Zawgyi-one ကိုရွေးပေးပါ။

Mail ထဲကမဟုတ်ပဲ Gtalk Off Line Login လုပ်ကြရအောင်............

Gtalk Gadget လို့ ခေါ်တဲ့  http://talkgadget.google.com/talkgadget/popout ကိုသွားလိုက်ပါ။
အဲဒီမှာ အရင်ဆုံး Signin ကို နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း Gtalk က Username နဲ့ Password ကိုရိုက်လိုက်ပါ။ ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။ ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး… အဲဒီအထဲကို ရောက်ရောက် ချင်း Gtalk အတိုင်းပဲ Online မှာရှိနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အပေါ်ဆုံးမှာ တွေ့ရမယ်။ အခု အတိုင်း ဆို သူတို့ကလည်း ကိုယ့်ကို Gtalk မှာ Online အနေနဲ့ ပုံမှန်အတိုင်း မြင်ရမယ်…. ပြောချင်တဲ့ သူကို ကလစ်နှိပ်ပြီး ပြောကြည့်ပါ။ပုံမှန် Gtalk အတိုင်းပဲ…. သူကတော့ သူငယ်ချင်းတစ်ယောက်ကို စကားပြောဖို့ ကလစ်နှိပ် လိုက်ရင် ပုံမှန် Gtalk ကလို Window တစ်ခု အနေနဲ့တော့ ထွက်မလာဘူး။ Tab တစ်ခုအနေနဲ့ Contacts ရဲ့ဘေးမှာ ကိုယ်ပြောမယ့် သူငယ်ချင်းရဲ့ နာမည်နဲ့ ထွက်လာမယ်…ကဲ အခုစပြောတော့မှာက သူငယ် ချင်း တို့သိချင်နေတဲ့ ကိုယ့်ကို သူများမမြင်အောင် offline လုပ်ကြမယ် ဆိုတဲ့ အကြောင်းလေ… အရင်ဆုံး Gtalk မှာ Singout လုပ်ဖို့သွားတဲ့ မြှားလေးကို မှတ်မိတယ်နော်။ အဲဒါက Contacts ရဲ့ အောက်မှာရှိတယ်… အဲဒီံ မြှားကလေး ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် အောက်ဆုံးနားက invisible ကိုရွေးပေးပါ… ဒါဆိုရင် ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို မမြင် ရတော့ဘူး။ ကိုယ်က သူတို့ဆီမှာ offline ဖြစ်သွားပြီ… ကိုယ်ကသာ သူတို့ကို မြင်နေရမယ်… ကိုယ်က offline ပုံစံဖြစ်နေပေမယ့် သူတို့ကို စကားသွားပြောလို့ ရတယ်နော်… သူတို့ဆီမှာတော့ ကိုယ်က offline ကြီးနဲ့ စကားတွေပြောနေတာပေါ့…ကဲ စမ်းသပ် ကြည့်လိုက်ကြပါ…
မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း
မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း
မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း