http://api.ning.com/files/OV-W8Ws8c7EWyHhe7i9W4VcrCc5TEVvFnNVFZ54Zjft-ukhGyRQLPu7Q8sHDxAZneEMsCJ6ynxjrDhAo5ZbyWjdFMIBOgNKR/WelcomeMM1.gif

Friday, April 20, 2012

အမိုက်မဲလေးကိုခွင့် လွတ်ပါ....

ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့...
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့.........'ရွာသူ'ရေ.....
ငါ့ .... ရင်ခုန်သံတွေကိုပဲ 'ခေါစာပစ်' လိုက်တယ် သခင်မ...
ပျော်ပါ...၊ ပါးပါ...၊ စားပါ...၊ သောက်ပါ...
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း အပြစ်က လွှတ်တော်မူပါ...။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မူပါ...။
'တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး' ဆိုတဲ့
ဟောဒီက ငါ့ ...အတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မူပါ..................

No comments:

Post a Comment

မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း
မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း
မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း