http://api.ning.com/files/OV-W8Ws8c7EWyHhe7i9W4VcrCc5TEVvFnNVFZ54Zjft-ukhGyRQLPu7Q8sHDxAZneEMsCJ6ynxjrDhAo5ZbyWjdFMIBOgNKR/WelcomeMM1.gif

Friday, October 28, 2011

Gmail မှာ Chat menu box ကို ညာဘက်သို့ပြောင်းလိုလျှင်

သင့် Gmail window မှာ မူလဘယ်ဘက် မှာရှိနေတဲ့ chat menu box လေးကို window
ရဲ့ ညာဘက်ကို ပြောင်းထားလို့ရပါတယ်။ နောက်ပိုင်း သင် gadget တစ်ခုခုကို ထည့်လိုတဲ့အခါမှာလည်း သင့် Gmail window ရဲ့ ဘယ်ဘက်မှာ ကွက်လပ်
ပိုရသွားပါတယ်။ အဲ့ဒီမူရင်းရှိနေတဲ့ chat menu box နေရာမှလဲ ကိုလိုချင်တဲ့ gadget လေးဖြည့်ထည့်လို့ရတယ်ဆိုတော့ လဲ
အဆင်ပြေသွားတာပေါ့....

သင့် Gmail ကို ဝင်ပါ။ ပြီးလျှင် ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Setting
ကိုသွားပါ။ ပြီးလျှင် Labs menu ကိုထပ်သွားပါ။ Labs menu ရဲ့ အောက်မှာ
Right-side Chat ဆိုတဲ့ နေရာမှာ Enable ကိုရွေးပါ။ ပြီးလျှင် သင့် key
board မှ End key ကိုနှိပ်ပြီး အောက်ဆုံးကိုသွားလိုက်ပါ။ Save Changes
ကိုနှိပ်ပါ။ သင့် Gmail window က reload ပြန်လုပ်ပြီး သင့် chat window
ကသင့် Gmail ရဲ့ ညာဘက်ကိုရောက်သွားတာကိုတွေ့ရပါလိမ့်မယ်။

အဆင်ပြေမယ်လို့တော့ထင်ပါတယ်....

No comments:

Post a Comment

မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း
မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း
မြူမင်းလွင်မှကြိုဆိုပါတယ်သူငယ်ချင်း